Saturday 7 June 2014
Facebook ၏ကောင်းကျိုး/ဆိုးကျိုး
                                          ယနေ့ကမ္ဘာပေါ်တွင် ခေတ်မှီတိုးတက်လာသည်နှင့်အမျှ လူမှု့ ကွန်
ယက်သည်လည်းပိုမိုကျယ်ပြန့်လာပါသည်။လူမှု့ ကွန်ယက်များကိုကျယ်ပြန့်စွာအသုံးပြုလာသည့်စံနစ်
တခုမှာ Facebook အသုံးပြုခြင်းဖြစ်သည်။လူမှု့ ဆက်သွယ်ရေးနည်းပညာတခုလဲဖြစ်သလို-ဗဟုသုတ
စုံလင်ရာနေရာတခုလဲဖြစ်ပါသည်။ Facebook ပေါ်တွင် တင်ပြပြောဆိုလိုသည်များနှင့်ဖေါ်ပြလိုသောပုံ
များကိုတင်ပြရေးသားခြင်း၊သူငယ်ချင်းမိတ်ဆွေများနှင့်မိုင်ပေါင်းမည်မျှ ပင်ဝေးကွာနေပါစေ-သာရိုက်ပြော
ဆိုခြင်း၊မိမိတို့၏ပုံများ-မိသားစုများ၏ပုံများ တင်ပြခြင်း-ပို့ပေးခြင်းများကို-စက္ကန့်ပိုင်းအတွင်းကြည့်ရှု့ပြော
ဆိုနိုင်သဖြင့် အင်မတန်ကောင်းမွန်သော နည်းပညာတခုလည်းဖြစ်ပါသည်။
                                         Facebook သည်ရိုးသားစွာဖြင့်မိတ်ဆွေ/သူငယ်ချင်း/ဆွေမျိုးသားချင်း/
စီးပွားရေးလုပ်ငန်းများ၊မြောက်များစွာသောအသုံးချ မှု့များကိုပြုလုပ်ရာတွင်၊များစွာလျင်မြန်တွင်ကျယ်စေပါ
သည်။ယခင်ခေတ်အချိန်အခါတုန်းက ကွန်ပြူ တာမရှိချိန်/Facebook မရှိချိန်မှာဆက်သွယ်ရေးစံနစ်ဖြစ်သည့်
တယ်လီဖုန်းနှင့်စကားပြောဆက်သွယ်ခြင်း၊စာပို့ခြင်း၊အမြန်ရောက်လိုလျှင်သံကြိုးစာနှင့်ပို့ခြင်း(သံကြိုးရိုက်
ခြင်း)ဟုခေါ်သည်။ ယခုခေတ်တွင် E-mail / G-mail တို့နှင့်မိမိပို့လိုသည့်အကြောင်းအရာစာများ/ပုံများကို
ပို့ပေးနိုင်ခြင်း-ဖုန်းနှင့်ပြောဆိုဆက်သွယ်ပုံချင်းတူညီပြီး-ဈေးနှုန်းသက်သာသော G-talk / Skype / VZO /
Viber / Line / Y-talk အစရှိသည့် VoIP Application ၏လုပ်ဆောင်ချက်များဖြင့်အသံကြည်လင်စွာ-စကား
ပြောဆိုခြင်း/တယောက်နှင့်တယောက်ရုပ်မြင်ပြီးပြောဆိုနိုင်ခြင်း များပြုလုပ်နိုင်ကြပါသည်။
                                          Facebook သည် Facebook အသုံးပြုနေကြသော ကမ္ဘာပေါ်ရှိလူသား
များသည် ကမ္ဘာ့နိုင်ငံအသီးသီး၏သတင်းများ၊နိုင်ငံခေါင်းကြီးများ၏သတင်းများ၊စီးပွားရေးသတင်းများ၊ကျန်းမာ
ရေးပညာပေးအကြောင်းများ၊ပညာရေးအကြောင်းများ၊ပညာရေးအကြောင်းများနှင့်လူသားများ၏နေ့စဉ်ဖြစ်ပျက်
နေသော လူမှု့ ကွန်ယက်များကိုတွေ့ရှိ-သိမြင်-ဖတ်ရှု့ရာနေရာဖြစ်လာခဲ့သည်။နိုင်ငံရေး၊လူမှု့ ရေးနှင့်မိုး
လေဝသ အခြေအနေများကိုလဲသိရှိနိုင်သည့်နေရာလည်းဖြစ်သည်။ လူမှု့ ရေးတိုက်ခိုက်သည့်နေရာလဲဖြစ်
သည်။နိုင်ငံရေးတိုက်ခိုက်ရာနေရာလဲဖြစ်သည်။လူသားအချင်းချင်း-လိမ်ညာလှည့်စားသောနေရာလည်းဖြစ်
သည်။ Facebook ပေါ်တင်သည့်လူအမျိုးမျိုးရှိပါသည်။
(၁)။ကမ္ဘာ့နိုင်ငံအသီးသီးမှသတင်းမီဒီယာများမှတင်သောသတင်းနှင့်သတင်းဓါတ်ပုံများ။
(၂)။အဖွဲ့အစည်းအသီးသီးမှတင်သောသတင်းများနှင့်သတင်းဓါတ်ပုံများ။
(၃)။မိတ်ဆွေအပေါင်းအသင်း/ဆွေမျိုးမိသားစုများမှတင်သောအကြောင်းအရာများနှင့်ဓါတ်ပုံမှတ်တမ်းများ။
(၄)။ရုပ်ရှင်/ဂီတ-အနုပညာပေါင်းစုံတို့မှတင်သောသတင်းများနှင့်သတင်းဓါတ်ပုံများ။
(၅)။အားကစားမျိုးစုံတို့၏သတင်းများနှင့်သတင်းဓါတ်ပုံများ။
(၆)။လိမ်ညာလှည့်စားရန်နှင့်ရာဇဝတ်မှု့ ကျူးလွန်ရန်ကြံစည်ချောင်းမြောင်နေသောလူဆိုးများ။
(ရ)။လောကဇာတ်ခုံတွင်ဖြစ်ပျက်နေမှု့ အရာရာအားလုံးကို-မီးမောင်ထိုးပြပေးနေသော အသိပညာရှင်/အ
     တတ်ပညာရှင်များ။
ကောင်း/အဆိုး ဒွန်တွဲနေသည့်အတွက်-သတိကြီးစွာထားပြီး-ကောင်းသောနေရာတွင်သာအသုံးပြု ကြလျှင်
တကယ့်အကျိုးပြု ပေးသော လူမှု့ ကွန်ယက်ကြီးတခုဖြစ်ပါကြောင်း-သုံးသပ်တင်ပြလိုပါသည်။။။
Wednesday 1 August 2012
ပိုင်ဆိုင်မှုစာရင်း တင်ပြရမည့်ထဲတွင် ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ဝင်များ မပါဝင်
ပိုင်ဆိုင်မှုစာရင်း တင်ပြရမည့်ထဲတွင် ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ဝင်များ မပါဝင်
သိတ်ကောင်းတဲ့အစီအစဉ်ပါဘဲ။ဒီသတင်းကိုကြားရတာအင်မတန်အားရကျေနပ်ပါတယ်။အစောကြီးကတည်း
ကဖြစ်ရမယ့်ကိစ္စပါ။အခုကတည်းကသက်ဆိုင်ရာပြည်ထောင်စုတရားသူကြီးချုပ်နှင့်ပြည်ထောင်စုတရားလွှတ်
တော်ချုပ် တရားသူကြီးများ (ယခင်စစ်အစိုးရလက်ထက်တုန်းကတရားသူကြီးချုပ်ဆိုရင်လာတ်ပ်စားပုံတွေက
သမီး(၂)ယောက်နှင့်သမက်(၂)ယောက်တို့ကအမှု့သယ်တွေနှင့်ပေါင်းပြီးမှန်တာကိုမှားအောင်လုပ်ပြီး၊မှားတာ
ကိုမှန်အောင်အမျိုးမျိုးလုပ်ပြီး၊နစ်နာဆုံးရှုံးပြီးဒုက္ခရောက်သွားကြတဲ့အမှု့သယ်တွေဒုနှင့်ဒေးအများကြီးရှိခဲ့ပါတယ်။
နိုင်ငံတော်တရားသူကြီးချုပ်ဆိုတဲ့အရှိန်အဝါတွေကိုအသုံးချပြီး၊သမီးနှင့်သမက်တို့ကကြီးမားသောလာတ်ပ်ငွေအ
များဆုံးပေးနိုင်သူကိုအနိုင်ရအောင်လုပ်ပေးလိုက်တော့-အမှန်တရားတွေအားလုံးပျောက်ကွယ်ကုန်တယ်။)
မိတ်ဆွေတစ်ဦး၏အဖြစ်အပျက်အမှန်တစ်ခုကိုနမူနာအဖြစ်ပြောရမယ်ဆိုရင်-အစိုးရအသစ်မပြောင်းခင်/စပ်
ကူး-မတ်ကူး ကြားချိန်မှာ-တရားရုံးချုပ်အထိ-အမှု့ရှုံးနေတဲ့ အမှု့တစ်ခုမှာ အောက်ခြေမှာပြန်စစ်ပါ-ဆိုပြီး၊ ရှုံးနေသူအမှု့သယ်က တရားသူကြီးချုပ်၏သမီးနှင့်မြေးကို ငွေသိန်း(၂၅၀)ပေးပြီး၊ဒီအမှု့ကိုနိုင်အောင်လုပ်ဖို့
လာတ်ပ်ငွေပေးပါတယ်။ မတရား-တရားသူကြီးချုပ်၏သမီးနှင့်မြေးကလာတ်ပ်ငွေပေးသောအမှု့ရှုံးနေသူကို
အနိုင်ပြန်ရစေရန်အလို့ငှါ-အောက်ခြေတွင်ပြန်စစ်စေဆိုသောအမိန့်ကို-(၃)ပါးထိုင်နေပြည်တော်တရားရုံး
ချုပ်တွင်၎င်းအမှု့ကိုထိုင်မည့်ခေါင်းဆောင်-ဒုတိယတရားသူကြီးချုပ်ကိုစာရွက်ပေါ်တွင်(မှတ်ချက်)ရေးပေးခဲ့
ရာ-(၃)ပါးထိုင်တရားသူကြီးများအဖွဲ့မှာမှန်နေတဲ့အမှု့ကို-မတရားသူကြီးချုပ်၏မှတ်ချက်ကိုမလွန်ဆန်နိုင်ဘဲ၊
အမှု့ကိုပြောင်းပြန်လုပ်ပစ်လိုက်ကြောင်းသိရှိရသည်။ ယခုအမှန်ဖြင့်အနိုင်ရနေသောအမှု့သယ်မှာနစ်နာ
ဆုံးရှုံးရတော့မည့်အခြေအနေဖြစ်နေပါသည်။(သမ္မတကြီးဦးသိန်းစိန်-ကယ်ပေးပါဦးခင်ဗျား)
ဒုတိယမိတ်ဆွေတစ်ဦး၏အမှု့တစ်ခုမှာလဲ---( ပုဒ်မ-၈ ) ကိုဖွင့်ပေးရန်မလိုသည်ကိုလာတ်ပ်ငွေသိန်း(၂၀၀)
ပေးပြီး၊ တရားသူကြီးချုပ်ကလုပ်ခဲ့ပါတယ်။ ဇာတ်ကြောင်းမှာ-အရောင်းအဝယ်တစ်ခုဆိုပါစို့။ တကယ့်အဖြစ်
မှန်ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းလုပ်ကြသူ(၂)ဦးမှာ-အရောင်းအဝယ်ကိစ္စမှာ-ဝယ်သူကစရံငွေပေးချေပြီး၊
ရောင်းသူကငွေလက်ခံပြီး၊စီးပွားရေးအရောင်းအဝယ်ကိုနှစ်ကြာမြင့်စွာတစ်ဦးနှင့်တစ်ဦးယုံကြည်စွာငွေကြေး
ငွေသိန်းဆယ်ဂဏန်းအထိရောင်းဝယ်ကြသည်။ ယခုအကြိမ်တွင်လည်းမိတ်ဆွေကပစ္စည်း(၂)ခုကိုဝယ်ရန်အ
တွက်ဈေးနှုန်းညှိနှိုင်းပြီး၊ အရောင်းအဝယ်တည့်ကြသည်။ ဝယ်သူကစရံငွေကိုငွေအကြေနီးနီးပေးလိုက်သော်
လည်း၊ ငွေလက်ခံဖြတ်ပိုင်းကိုမရေးပေးခဲ့ပါ။ ဝယ်ရန်မှာထားသောပစ္စည်းမှာနိုင်ငံခြားသို့မှာထားသဖြင့်အချိန်
အနည်းငယ်ကြာမှာဖြစ်ပြီး၊ ငွေကြေးကိစ္စကိုစိတ်မပူရန်ပြောဆိုခဲ့သည်။ တစ်ဦးနှင့်တစ်ဦးငွေလက်ခံဖြတ်ပိုင်း
ပေးရန်မလိုအပ်ကြောင်း၊ အဓိက-ကတစ်ဦးနှင့်တစ်ဦးယုံကြည်မှု့နှင့်အလုပ်လုပ်ကြကြောင်း၊ လိမ်ညာပြော
ဆိုခဲ့ပါတယ်။ နောက်ဆုံးလိမ်ညာလို့မရတော့မှန်းသိလာသည့်အတွက်-လက်ခံဖြတ်ပိုင်းရေးပေးရန်အကြိမ်
ကြိမ်ရက်ရွှေ့ဆိုင်းပေါင်းမနည်းပါ။ အရောင်းအဝယ်စရံပေးနှစ်ဦးသဘောတူစာချုပ်ချုပ်ပေးမည့်အကြောင်း
လိမ်ညာပြောဆိုကာ-လက်မှတ်အတူထိုးထားရန်နှင့်၎င်းအားသည့်အချိန်တွင်စာချုပ်ရိုက်ထားပေးပြီး၊ ပြီးလျှင်
ခေါ်ပေးမည်ဖြစ်ကြောင်းလိမ်ညာခဲ့သည်။၎င်းစာချုပ်ပေါ်တွင်မမှန်မကန်လိမ်ညာပူးပေါင်းကြံစီခဲ့ကြသည်။
ရောင်းသူ၏ဂုဏ်သိက္ခာနှင့်အကျင့်သီလကို ယုံမိသောကြောင့်၊ ၄င်းပြောသည့်အတိုင်းလုပ်ပေးမိခဲ့သည်။
အကျဉ်းချုပ်အနေဖြင့်ပြောရမယ်ဆိုရင်-နောက်ဆုံးတော့တရားရုံးအဆင့်ဆင့်မှာအမှု့ရင်ဆိုင်ကြပါတယ်။
မြို့နယ်-ခရိုင်-တိုင်း အဆင့်ဆင့်မှာ၎င်းလိမ်ညာသောစီးပွားရေးသမားက တရားသူကြီးအဆင့်ဆင့်ကိုလာတ်
ငွေများပေးပြီး၊ အနိုင်ယူခဲ့သော်လည်း၊ တရားရုံးချုပ်တွင်လည်း-တရားရုံးချုပ်တရားသူကြီးများကိုလာတ်ပ်ငွေ
များပေးရန်အကြိမ်ကြိမ်ကြိုးစားကြောင်း/သို့သော် တရားရုံးချုပ်တရားသူကြီးများက လတ်ပ်ငွေများကိုလက်မ
ခံဘဲ၊ အမှု့ကိုအမှန်အတိုင်း စီရင်ရာ-၄င်းလိမ်ညာရောင်းသောသူမှာအမှု့ရှုံးသွားသည်။ တရားရုံးချုပ်တရား
သူကြီး(၁)ပါးထိုင်နှင့်(၂)ပါးထိုင်မှာလည်းအဆင့်ဆင့်ရှုံးနိမ့်သွားသည်။ မည်သို့မျှပြုလုပ်မရနိုင်သောကိစ္စကို
အဆက်အသွယ်ပွဲစားများနှင့်ဆက်သွယ်ကာ-နိုင်ငံတော်တရားသူကြီးချုပ်နှင့်ပတ်သက်သော သမီးနှင့်သမက်
ကတဆင့်လာတ်ပ်ငွေသိန်း(၂၀၀)ပေးပြီး၊ ပုဒ်မ-၈ ဖွင့်ရန်ကြိုးစားခဲ့သည်။ ပုဒ်မ-၈ ၏အာဏာသည်တရားသူ
ကြီးချုပ်တစ်ဦးတည်းသာအရေးကြီးကိစ္စများ(နိုင်ငံတော်နှင့်ပတ်သက်သောအမှု့များသာ)ဖွင့်လေ့/ဖွင့်ထသာ
ရှိပြီး၊ ပြည်သူအချင်းချင်းပုဂ္ဂိုလ်ရေးအရ-ဖြစ်သောအမှု့များနှင့်သေးငယ်သောအမှု့များတို့ကိုလုံးဝဖွင့်ပေး
ခြင်းမရှိကြောင်း-သိရှိရသော်လည်း-နောက်ဆုံးပိတ်/အိပ်နှင့်လွယ် ဆိုသော-စကားအရ-မိမိရာထူးကအနား
ယူခါနီးတွင်၊ လာတ်ပ်ငွေများလက်ခံပြီးလုပ်သွားသည်မှာ-မတရားပါ။ (သမ္မတကြီးဦးသိန်းစိန်-ကယ်ပေးပါဦး
ခင်ဗျား-အများကြီးဒုက္ခရောက်ပြီး/နစ်နာဆုံးရှုံးနေရပါတယ်။) (အောက်ခြေ-စာရေးဝန်ထမ်းများတောင်-ဒီ
ပစ္စည်းရောင်းသူ၏ ပုဒ်မ-၈ ဖွင့်ရန်ငွေပေးပြီးလုပ်ဆောင်သွားကြောင်း-နောက်ဆုံးမြို့နယ်တရားသူကြီးနှင့်ဝန်
ထမ်းအချို့မှာသိသော်လည်း၊ တရားသူကြီးချုပ်၏ ပုဒ်မ-၈ ကြောင့် အမှု့အမှန်ကိုအမိန့်ချရန်ကြောက်ရွှံနေ
ကြပြီး၊ အမှားကိုမျက်စိမှိတ်လုပ်လျှင်-တဖက်သားနစ်နာသွားနိုင်သည်ကိုသိရှိသည့်အတွက်-ရှေ့တိုးရမလို/
နောက်ဆုတ်ရမလို-ဆုံးဖြတ်ရန်ခက်ခဲနေကြသည်။ တရားသူကြီးချုပ်သာ-ပုဒ်မ-၈ မဖွင့်ခဲ့ဘူးဆိုလျှင်-မြို့နယ်
တရားသူကြီးများမှာရဲရဲဝန့်ဝန့်အမှန်ကိုအမိန့်ချပေးနိုင်မည်ဖြစ်သော်လည်း၊ တရားသူကြီးချုပ်ကြောင့်အမှား
များကိုပြုလုပ်ရန်သာရှိတော့သည်။ ဒါကြောင့် ယခုအစိုးရသစ်တက်လာသောသမ္မတကြီးဦးသိန်းစိန်-ရွေးချယ်
ထားသော ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်း အနေဖြင့်-ယခင်တရားသူကြီးချုပ်၏မမှန်မကန်ချခဲ့
သော ပုဒ်မ-၈ ကိုပြန်လည်ပယ်ဖျက်သင့်ကြောင်း၊ သို့မဟုတ်လျှင်-တဖက်သားအတွက်အများကြီးနစ်နာမှု့
များဖြစ်သွားနိုင်ကြောင်း သုံးသပ်ပါသည်။
ကျန်သည့်ဝန်ကြီးဌာနအကြောင်းများကိုနောက်ပိုင်းတွင်ထပ်မံသုံးသပ်တင်ပြပေးပါမည်။
Sunday 13 May 2012
ကျောက်ကပ်အစားထိုး ကုသခြင်း
ကျောက်ကပ်အစားထိုး ခွဲစိပ်ကုသခြင်း အကြောင်း ဗဟုသုတ အနေနှင့် မြန်မာပြည်သူပြည်သားများအတွက် (ဖိုးဖိုးကြီး)၏စေတနာ ဆောင်းပါး
ကျောက်ကပ်ရောဂါ ဖြစ်ပွားရခြင်းအကြောင်းမှာ----
(၁)။ဆီးချို  +  သွေးချို  မြင့်တက်ခြင်း ၊ ကျခြင်း ကြောင့်၎င်း။
(၂)။သွေးတိုး ခြင်း ကြောင့်၎င်း။
(၃)။ကျောက်ကပ်အတွင်းပိုင်းထိခိုက်မိခြင်း။(ဥပမာ=ခိုက်ရန်ဖြစ်ပွားခြင်းကြောင့်၎င်း၊လိမ့်ကျခြင်းကြောင့်၎င်း     ၊ နှိပ်စက်ခံရခြင်း။    
ကျောက်ကပ်ရောဂါ ဖြစ်ပွားရခြင်းသည် အသက်အရွယ်မရွေး ဖြစ်သော ရောဂါဖြစ်သည်။ ၄င်းရောဂါ မဖြစ်လျှင်အကောင်းဆုံးဖြစ်သည်။
ကျောက်ကပ်ရောဂါ စဖြစ်ပြီ ဆိုလျှင် ပြသော လက္ခဏာများမှာ ---
(၁)။ လမ်းသိပ်မလျှောက်နိုင်တော့ခြင်း ၊ ညအိပ်လျှင်ပက်လက်လန်အနေအထားမျိုးအိပ်မရခြင်း ၊ ချောင်းဆိုးခြင်း ။
(၂)။ ဘာဘဲလုပ်လုပ်မောပမ်းနေခြင်း ၊ သွေးဖောက်စစ်သည့်အခါ  ခရစ်နတင်း တက်လာခြင်း ၊ ဆီးသိပ်မသွားခြင်း ၊ လူတကိုယ်လုံး တောင့်တင်း ဖောယောင်လာခြင်း ။
(၃)။ ဆီးသွားသည့်အခါ နည်းလာခြင်း ၊ နောက်ဆုံး ဆီးမသွားတော့ခြင်း ။ အသက်ရှုကြပ်လာခြင်း ။
(၄)။ သွေးဆိပ်တက်လာတာများလာလျှင် နေထိုင်မရတော့ခြင်း စသည်များ ပြလာခဲ့ပါက----- နားလည်တတ်ကျွမ်းသော ကျောက်ကပ်အထူးကုသမားတော်ကြီးများအား အချိန်မီပြသပြီး ဆေးကုသမှု့ခံယူပါ ။ ဆရာဝန်ကြီးများ၏ ကုသမှု့ ညွှန်ကြားချက်အတိုင်း လိုက်နာပါ ။ ကိုယ်ပြသမည့်အထူးကုဆရာဝန်ကြီး ကို မိမိစိတ်ကြိုက်ရွှေးချယ်ပါ ။
ကျောက်ကပ်အစားထိုးခွဲစိပ်ကုသလျှင်-အကောင်းဆုံးနိုင်ငံခြားဆေးရုံကို အကြံပေးပါဆိုလျှင် စာရေးသူ ကိုယ်တိုင် လက်တွေ့ ကျောက်
ကပ်အစားထိုးခွဲစိပ်ကုသမှု့ခံယူခဲ့သော အိန္ဒိယနိုင်ငံ ၊ ကာလကတ္တားမြို့ ရှိ ဆေးရုံဖြစ်သော Apollo Gleneagles Hospitals ဖြစ်ပါသည်။
၎င်းဆေးရုံသည် နေ့စဉ်နေ့တိုင်းလိုလို လူနာများကို အမြဲတန်း အစားထိုးခွဲစိပ်ကုသပေးနေသည့်အတွက် ကုသ-ခွဲစိပ်ပေးသော အထူး
ကု ဆရာဝန်ကြီးများ၏ကျွှမ်းကျင်မှု့များသည် လူနာများအတွက် ယုံကြည်စိတ်ချရသဖြင့် စိတ်ချမ်းသာမှု့ဖြစ်ရပါသည် ။
ကျောက်ကပ်အစားထိုးခွဲစိပ်မည့်လူနာများ-နိုင်ငံခြားသို့သွားရောက်မကုသမီ-ကြိုတင်ဆောင်ရွက်ထားရမည့်ကိစ္စများရှိပါသည် ။
မြန်မာနိုင်ငံတွင်ဆောင်ရွက်ရန်ကိစ္စများမှာ-----
(၁)။ လူနာ၏သွေးအမျိုးအစားနှင့်ကျောက်ကပ်အလှူရှင်၏သွေးအမျိုးအစားတူညီရမည်။
(၂)။ ကျောက်ကပ်အလှူရှင်ကို-သွေးစစ်ဆေးခြင်း ၊ ဓါတ်မှန်ရိုက်ရမည် ၊ ဆီးစစ်-သွေးစစ်(၁၆)မျိုးခန့်
       ဆောင်ရွက်ရပါမည်။
(၃)။ CROSSMATCH စစ်ဆေးရန်။ (၆)မျိုးတူလျှင်အကောင်းဆုံဖြစ်ပါသည်။(၃)မျိုးတူခြင်း ၊ (၄)မျိုးတူခြင်း
       များသည်အစဉ်မပြေနိုင်ပါ။ မတူ-တူအောင်ဆေးသွင်းပြီးပြုလုပ်နိုင်သော်လည်း စိတ်မချရပါ။
       အကောင်းဆုံးက(၆)မျိုးတူလျှင် ကျောက်ကပ်အစားထိုးခွဲစိပ်ကုသရာတွင်လူနာအတွက်ပိုမိုပြီးကောင်း
       ပါမည်။ လိုအပ်သောထိန်းသိမ်းစောင့်ရှောက်ခြင့်ဖြင့် အသက်ရှည်ရှည်မိသားစုများနှင့်နေထိုင်နိုင်မည်
(၄)။ လူနာများသည် အမှန်တကယ် ကျောက်ကပ်ဝေဒနာကို ပျောက်ကင်းအောင် ကုသလိုပါလျှင် ဆီးနှင့်
       ကျောက်ကပ် အထူးကုသမားတော်ကြီးတစ်ဦးဖြစ်သူ ဒေါက်တာ ဒေါ်မေမြ၀င်း နှင့်သွားရောက်တိုင်ပင်
       ကုသ သင့်ပါသည်။ ဆီး နှင့် ကျောက်ကပ် အထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်မေမြ၀င်း သည် အာ
        ရှတော်ဝင် ဆေးရုံ တွင်၎င်း ၊ စဥ့်အိုးတန်းလမ်း - လသာမြို့နယ်တွင်၎င်း  လူနာများကိုစမ်းသပ်ကြည့်
        ရှု့ကုသပေးရုံမက-လူနာများကို လိုအပ်လျှင် အောင်မြင်ကျော်ကြားပြီး-ခွဲစိပ်ကုသမှု့ပိုင်းဆိုင်ရာတွင်
        အထူးကျွှမ်းကျင်စိတ်ချ-သေချာသော အထူးအစားထိုးခွဲစိပ်ကု သမားတော်ကြီးများ ရှိရာ-အိန္ဒိယနိုင်
        ငံ ၊ ကာလကတ္တားမြို့ရှိ Apollo Gleneagles Hospitals သို့လည်းညွှန်ကြားပေးခြင်းကြောင့်-
        ကျောက်ကပ်အစားထိုးခွဲစိပ်ကုသပြီး ၊ ကျန်းမာစွာဖြင့် အမိမြန်မာနိုင်ငံတော် သို့ပျော်ရွှင်စွာဖြင့်ပြန်
        လာကြသော လူနာများ-အများကြီးရှိကြပါသည်။ ငွေကြေးကုန်ကျမှု့များဆိုလျှင် ထိုက်ထိုက်တန်တန်
        သာ ကုန်ကျပါသည်။
အဓိက အထူးလိုအပ်ချက်မှာ-မိမိအား ကျောက်ကပ် ပေးလှူမည့်သူသည် မိသားစုဝင်သော်၎င်း ၊ ဆွေမျိုး
များထဲမှသော်၎င်း ၊ မိတ်ဆွေများထဲမှသော်၎င်း ၊ တရားဘောင်အတွင်းကျင့်ကြံအားထုတ်နေသောမြတ်စွာ
ဘုရား၏သားတော်များဖြစ်သော ရဟန်း-သံဃာတော် များထဲမှသော်၎င်း ၊ သွေး-ဆီး စသောဆေးစစ်ဆေး
မှု့(၁၆)မျိုးကို ပထမဦးဆုံး ပြုလုပ်ခြင်း ၊ Crossmatch (6) မျိုး တူညီမှု့ရှိမရှိ စစ်ဆေးမှု့ပြုလုပ်ပြီး-သေ
ချာပြီ ဆိုလျှင် ကျောက်ကပ်အစားထိုးခွဲစိပ်ကုသရန် အိန္ဒိယနိုင်ငံ ၊ ကာလကတ္တားမြို့ ရှိ Apollo Gleneagles Hospitals နှင့်ဆက်သွယ်သွားရောက်သင့်ပါသည်။
စာရေးသူ(ဖိုးဖိုးကြီး)၏မိတ်ဆွေတစ်ဦး - ကျောက်ကပ်အစားထိုးခွဲစိပ်ကုသအောင်မြင်ပြီး ၊ ကျန်းမာပျော်ရွှင်
စွာ ပြန်ရောက်လာပြီး ၊ ၄င်း၏အတွေ့အကြုံ နှင့် ဆေးကုသခဲ့ပုံများကိုပြောပြသဖြင့် စာရေးသူ(ဖိုးဖိုးကြီး)က
အများပြည်သူလည်း ကျောက်ကပ်ရောဂါ ဝေဒနာရှင်များကို ပျောက်ကင်းစေလိုသော စိတ်စေတနာဖြင့်
လမ်းညွှန်ပေးခြင်းဖြစ်ပါသည်။
စာရေးသူ(ဖိုးဖိုးကြီး)၏မိတ်ဆွေ-ကျောက်ကပ်ဝေဒနာရှင်သည် ရန်ကုန်မြို့ရှိ အာရှတော်ဝင် ဆေးရုံတွင်
ကျောက်ကပ်ဆေးသောစက်ဖြင့် ကျောက်ကပ်ကို Dialysis ကို (၆၀)ကြိမ်ကျော် ပြုလုပ်ခဲ့ရပြီး နောက်ပိုင်း
အိန္ဒိယနိုင်ငံ ၊ ကာလကတ္တားမြို့ ရှိ Apollo Gleneagles Hospitals သို့ရောက်ရှိလာပြီး ၊ နောက်တစ်
ရက်တွင်စတင်ပြီး ကျောက်ကပ်အထူးကုဆရာဝန်ကြီး၏စမ်းသပ်ကုသစစ်ဆေးချက်ပေါ်မူတည်ပြီး၊ကျောက်
ကပ်ဆေး(Dialysis) စတင်လုပ်ရပါသည်။(၀၆-၀၁-၂၀၁၂)တွင်ရောက်ရှိပြီး ၊ (၀၇-၀၁-၂၀၁၂)နေ့တွင်စ
တင်ပြီး Apollo Gleneagles Hospitals သို့သွားရောက်ပြသပါသည်။ ဆရာဝန်ကြီး၏ညွှန်ကြားချက်ဖြင့်-တစ်ရက်ခြား (Dialysis) ကျောက်ကပ်ဆေးခြင်း ပြုလုပ်ရပါသည်။
(၀၇-၀၁-၂၀၁၂)မှ(၂၉-၀၂-၂၀၁၂)ထိ (Dialysis) ကျောက်ကပ်ဆေးခြင်း (၂၁)ကြိမ်ပြုလုပ်ခဲ့ရသည်။
(၀၁-၀၃-၂၀၁၂)နေ့တွင် ကျောက်ကပ်အစားထိုးခွဲစိပ်ကုသမှု့ (KIDNEY  TRANSPLANT) စတင်ပြု
လုပ်ရာ နံနက်(၈)နာရီတွင် ခွဲစိပ်ခန်းသို့ခေါ်သွားပြီး ၊(၁)နာရီ-(၄၅)မိနစ် အချိန်တွင်ခွဲစိပ်ခန်းထဲမှပြန်လည်
ထွက်လာပြီး ၊ အထူးကြပ်မတ်ဆောင်(I.C.U) အခန်းသို့ရောက်ရှိလာပြီး ၊ကျွမ်းကျင်သော နပ်စ် များကြည့်
ရှု့ပြုစုကြရုံတင်မကဘဲ ၊ ကျောက်ကပ်အစားထိုးခွဲစိပ်ကုသပေးသောဆရာဝန်ကြီးများ ၊ ခွဲစိပ်ခန်းတွင်ပါဝင်
ပတ်သက်သော သက်ဆိုင်ရာ ဆရာဝန်ကြီးများ နေ့စဉ်လာရောက်စမ်းသပ်ကြည့်ရှု့ပေးကြသည်မှာ လူနာ
အတွက် အများကြီး အားတက်ခဲ့ရပါသည်။ တဖြည်းဖြည်း လူနာကောင်းမွန်စိတ်ချရပြီ ဆိုလျှင် Private
Room တစ်ယောက်ခန်းသို့ရွှေ့ပြောင်းပြီး ၊ ဆေးဆက်လက်ကုသမှု့ခံယူရပါသည်။ သက်ဆိုင်ရာ ဆရာ 
ဝန်ကြီးများသည်နေ့စဉ်လာရောက် စမ်းသပ်စစ်ဆေးကြပါသည်။ လူနာမှာတိုးတက်ကောင်းမွန်လာခြင်းအ
ပေါ်မူတည်ပြီး ၊ ဆေးရုံမှဆင်းခွင့်ပြုပါသည်။ သို့သော် ဆေးရုံမှဆင်းသွားရသော်လည်း ၊ ဆရာဝန်ကြီးထံ
သို့ သတ်မှတ်ထားသော နေ့ရက်များတွင် သွားရောက် ပြသကြရပါသည်။ လူနာစိတ်ချရသောအခြေအ
နေရှိမှသာ မိမိနေသောနိုင်ငံသို့ ပြန်ခွင့်ပြုပါသည်။ လိုအပ်လျှင် ဆရာဝန်ကြီး၏စမ်းသပ်စစ်ဆေးမှု့-စိတ်
ချရသည်အထိ ဆက်လက်ကုသမှု့ခံရပါသည်။
ကျောက်ကပ်ရောဂါ အစားထိုးခွဲစိပ်ကုသမှု့ပြုလုပ်လိုသော လူနာများကို တကယ်ထိရောက်စွာပန့်ပိုးကူညီ
နိင်မည့်သူများဖြစ်သူများကို ညွှန်ကြားပေးရမည်ဆိုလျှင်-----
(၁)။ ပထမဦးစွာ ကျောက်ကပ်အထူးကုဆရာဝန်ကြီး ဒေါ်မေမြ၀င်း ထံပြသခြင်း။
(၂)။ ဒေါ်သီတာ နှင့်ဆက်သွယ်ပြီး ၊ လုပ်ဆောင်ရမည့်ကိစ္စအ၀၀ကို ၄င်းမှဆောင်ရွက်ပေးခြင်း။
(၃)။ အိန္ဒိယနိုင်ငံ ၊ ကာလကတ္တားမြို့ ရှိ Apollo Gleneagles Hospitals နှင့်ဆက်သွယ်ပြီး ၊ ဆရာဝန်
      ကြီးများနှင့်ဘာသာပြန်ပေးမည့်  မြန်မာဘုန်းတော်ကြီးကျောင်းဖြစ်သည့်  ဆရာတော် ဦးနန္ဒောဘာသ
      ကြီးမှူးသော-အင်္ဂလိပ်ဘာသာနှင့်အိန္ဒိယဘာသာ စကားများတတ်ကျွမ်းသော ဦးဇင်းများက ဆေးရုံသို့
      လိုက်လံပို့ဆောင်ပေးခြင်းနှင့်ဘာသာပြန်ပေးခြင်းများကို ကူညီပေးကြသည်။
      အိန္ဒိယနိုင်ငံ ၊ ကာလကတ္တားမြို့ လေဆိပ် သို့လာရောက်ကြိုပေးသည်မှအစ-ဆေးကုသပြီးနေကောင်း
      သွားပြီး-မိမိနေရပ်သို့ပြန်သည်အထိ လေဆိပ်သို့ပြန်လည်ပို့ဆောင်ပေးပါသည်။
မိတ်ဆွေ၏လက်တွေ့ပြောပြချက်-ကျေးဇူးကြောင့် ဖိုးဖိုးကြီး ၏ ကျောက်ကပ်ဝေဒနာကို ယုံကြည်အားကိုး
စွာဖြင့် အိန္ဒိယနိုင်ငံ ၊ ကာလကတ္တားမြို့ ရှိ Apollo Gleneagles Hospitals သို့ သွားရောက်ကု
သပြီး ၊ ကျန်းမာစွာဖြင့် လူကောင်း ပကတိ အဖြင့်ကောင်းမွန်စွာ အမိ မြန်မာနိင်ငံ သို့ ပြန်လာ
ပြီး မိသားစု ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်လျှက် ရှိပါကြောင်း ပြောပြချင်ပါသည်။
မှတ်ချက်။     ။ မိမိသိလိုသောအကြောင်းများရှိပါက မေးမြန်နိင်ပါသည်။
ဘ၀အတွေ့အကြုံ=ဖိုးဖိုးကြီး